တောင်ငူ၌ ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

တောင်ငူ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်သည်။

သင်တန်း၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ခရိုင်အတွင်းရှိဝန်ထမ်းများ၊ စာကြည့်တိုက်မှူးနှင့် ရုပ်သံကျွမ်းကျင်- ၃  ဝန်ထမ်းများ မိမိတို့လုပ်ငန်းတာဝန်များတွင် စွမ်းဆောင်ရည်မြင့်မားလာစေပြီး  ဗီဒီယိုရိုက်ကူးတည်းဖြတ်၍ ပုံပြင်ပြောအစီအစဉ်နှင့် စာအုပ်မိတ်ဆက်ကဏ္ဍများတွင် နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ပြောကြားပြီး တောင်ငူခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်ထက်က ဗီဒီယိုတည်းဖြတ်ရာတွင် လိုအပ်သည့်အချက်များအား အဆင့်ဆင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူ ၁၂ ဦးသည် သင်တန်းနည်းပြမှ သင်ကြားပိုချသည့် ဗီဒီယိုတည်းဖြတ်နည်း အဆင့်ဆင့်အား လက်တွေ့လေ့ကျင့်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက်)