မြောက်ဦးမြို့ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေးရေးနှင့် ရေရရှိမှုများ ကွင်းဆင်းစစ်ဆေး

မြောက်ဦး  ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့အဈေးကြီးအတွင်း မီးဘေးအန္တရာယ် လုံခြုံရေးနှင့် ရေရရှိမှုများကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ရေရရှိမှုကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးလှဝင်း ဦးဆောင်သောအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြို့မဈေးကြီးဈေး တာဝန်ခံနှင့် စေျးအကျိုးတော်ဆောင် အဖွဲ့ဝင်များက ပူးပေါင်းကာ ဈေးကြီးမီးဘေးလုံခြုံရေးနှင့် ရေရရှိမှုများကို ဆောင်ရွက်ရန် လိုအချက်များအား ညိှနှိုင်းဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးအတွက် တပ်ဆင်ထားသော မီးသတ်စက်များ ကောင်းမွန်မှုရှိမရှိ စစ်ဆေးခြင်းနှင့် မီးသတ်ဆေး ဗူးများနှင့် ရေရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)