မိုးနဲမြို့နယ်၌ မြို့ပြအငြိမ်းစား ပင်စင်များ စတင်ထုတ်ပေး

မိုးနဲ  ဖေဖော်ဝါရီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ မြို့ပြနှင့် ကာကွယ်ရေးအငြိမ်းစား ပင်စင်နှစ်မျိုးကို လစဉ်   ယနေ့နှင့် နောက်ပိုင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မြို့ပြပင်စင်အငြိမ်းစားများကို ပင်စင်ငွေ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  မြို့ပြအငြိမ်းစား ပင်စင်လစာငွေထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မှတ်ပုံတင်ကပ်ပြားနှင့် အငြိမ်းစားထုတ်ယူခွင့် ကတ်ပြားများကို ယူဆောင်လာပြီး ဖေဖော်ဝါရီလ ၂၁ ရက် တနင်္လာနေ့မှ ၂၅ ရက် နေ့အထိ ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက်ထုတ်ယူနိုင်ကြောင်း ကာကွယ်ရေး ပင်စင်လစာငွေ များကိုလည်း ၂၂ ရက်နေ့မှ စတင်ကာထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် မြို့ပြအငြိမ်းစား ပင်စင်လစာငွေ ထုတ်ယူသူ နံနက် ၈ နာရီခွဲမှ ၁၁ နာရီထိ ၉၁ ဦးရှိပြီဖြစ်ပြီး ကျန်ရှိသော အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွား‌ရေးဘဏ်ခွဲမှ တာဝန်ရှိသူ၏ ပြောကြာချက်အရ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)