တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေးအတွက်Mask Campaign ဆောင်ရွက်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့ဝင်ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။