ပုဏ္ဏားကျွန်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sputink Doses)များဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်နှင့်ဦးတည်အုပ်စုများအလိုက် ဒေသခံ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sputink Doses) များ ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက စတင်၍ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီးသိမ်၊ ယိုးတရုပ် တိုက်နယ်ဆေးရုံနှင့်ကွန်းတောင်ကျန်းမာရေးဌာနတို့၌ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ပဲခူးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြောင်းမြခရိုင်တွင် လူငယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရေးအတွက် Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာစေရန်အတွက် ရည်ရွယ်၍ လူငယ်လူရွယ် စာပေဝါသနာရှင်များ Youth Club အဖွဲ့ကို ဖိတ်ခေါ်၍ သုတအလင်းမဂ္ဂဇင်း (၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ အမှတ် ၇၀) တွင်ပါရှိသည့် စာရေးဆရာ အောင်နိုင်သူ (ဇွဲကပင်)ရေးသားသည့် “စာဖတ်ခြင်းအနုပညာ” ဆောင်းပါးအား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်စေရေး Mask Campaign ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗ-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်း ချုပ်ရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ကို

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းလှမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အနှင့်အညီ ယနေ့ နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ် ပေးလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီး ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအားယနေ့ နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မအူပင်ခရိုင် Community Centre ခန်းမ၌ "အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club )၊ (Youth Club)၊ (Woman Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ မတင်ဝင်းရေးသားသည့် " အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Subscribe to