မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မြဝတီ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို  ယနေ့ ဖေဖော်ဝါရီ လ ၂၁ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ  မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျဖြစ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခဲ့သည်။

ထို့သို့ထုတ်ပေးရာ၌ ယနေ့ မွန်းလွဲ(၂)နာရီအထိ အငြိမ်းစားဝန်ထမ်း (၅၅၆)ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ  အစိုးရ ရုံးဖွင့်ရက် များတွင် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)