ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပန်းကြယ်သီးထိုးနည်း သင်တန်းဖွင့်လှစ်

ဇေယျာသီရိ ဖေဖော်ဝါရီ  ၂၁

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီး ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက်ပိုင်းက  ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။                                                     

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိ စေရန်အတွက်ရည်ရွယ်၍ ယခု သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ သင်းတန်းတွင် နည်းပြဆရာ ဦးသက်ခိုင်ဦးက ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့ လက်တွေ့ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ စိတ်ပါဝင်စားသူ စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)