တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်

တကောင်း ဖေဖော်ဝါရီ    ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်း ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေးအတွက်Mask  Campaign ဆောင်ရွက်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့ဝင်ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် မြို့တွင်းသို့ ဝင်၊ထွက်သွားလာသည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက် များကိုလိုက်နာကြရန်၊ မိမိဒေသတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်းကူးစက်မှုမရှိစေ ရန်အတွက် ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျ တပ် ဆင်ပြီးမှ သွားလာကြရန်နှင့် ကာကွယ်ဆေးကို (၂)ကြိမ်ပြည့် ထိုးနှံကြရန်စသည့် ကျန်းမာရေး အသိ  ပညာပေး လုပ်ငန်းများဆောင်ရွက်ကာ နှာခေါင်းစည်း (Mask)များအား အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

သီရိအောင်(တကောင်း)