မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေး လိုက်လံနှိုးဆော်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ စျေးများနှင့် လူစည်ကားရာ နေရာတို့တွင် မွန်/မြန်မာဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။