ကံမမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းအားမြေသားလမ်းအဖြစ်မှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

 ကံမ ဖေဖော်ဝါရီ ၂၂

မကွေးတို်ငးဒေသကြီး၊  သရက်ခရိုင်  ကံမမြို့  မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂) ရပ်ကွက်ရှိ စံပယ်လမ်းအား     မြေသားလမ်းအဖြစ်မှ  ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့်  ကျောက်ချောလမ်းမှာ အရှည် ၃၀၀ ပေ ၊ အနံ  ၁၂ ပေ၊  ထု ၉ လက်မအား၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် (၃၆) သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ   သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)