ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ဝိုင်းတွင် ဆွေးနွေးမည့် စာအုပ်ပါအကြောင်းအရာများနှင့် စာပေဖတ်ရှု ဆွေးနွေးခြင်းအကျိုးအား ရှင်းလင်းပြောကြား သည်။  ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်မှုနှင့် ပျော်ရွှင်ခြင်း” ခေါင်းစဉ်ပါစာအုပ်ထဲမှ “စာရေးတော့မည်ဆိုလျှင်” ခေါင်းစဉ်ပါအကြောင်းအရာကို Book Club အဖွဲ့ဝင် ဒေါ်စန္ဒာကလည်းကောင်း၊ “ရိုးသားဖြောင့်မတ်ခြင်း” ခေါင်းစဉ်ပါ စာ‌အကြောင်းအရာကို Women Club အဖွဲ့ဝင်ဒေါ် ဆောင်းဟေမာန်နှင်းကလည်းကောင်း အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)