မိုင်းပန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က အသိပညာပေး ဆွေးနွေး(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များ အကြောင်းကိုလည်းကောင်း၊ မီးအတန်းအစား ခွဲခြားခြင်းနှင့် မီးငြိမ်းသတ်ခြင်းနည်းလမ်းများ အကြောင်းကိုလည်းကောင်း၊ မီးဆိုသည်မှာ ဓာတုဗေဒသဘောအရ (၁)လေ(သို့မဟုတ်)အောက်ဆီဂျင်၊ (၂)အပူ(သို့မဟုတ်) လုံလောက်သော အပူချိန်၊(၃)လောင်စာစသည့်ပစ္စည်း(၃)မျိုးတို့ ဓာတ်ပြုမှုဖြစ်ပေါ်ပြီး ယင်းမှအပူနှင့် အလင်းကိုဖြစ်ပေါ်ခြင်း ကြောင့်လည်းကောင်း၊ လူတို့၏ပေါ့ဆမှုကြောင့်လည်းကောင်း၊ လျှပ်စစ်နှင့် စက်မှုဆိုင်ရာချို့ယွင်းမှုများကြောင့် မီးလောင်ရခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက ရှောင်ကျဉ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များနှင့် မီးမလောင်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို လည်းကောင်း၊ ယခုအခါတွင် ပူပြင်းခြောက်သွေ့သော ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏ပေါ့ဆမှုများကြောင့်လည်းကောင်း မီးလောင်မှုများ မဖြစ်ပေါ်အောင် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များအတိုင်း နေထိုင်ကြပါရန်နှင့် ပြည်သူအားလုံးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြမှသာ မီးဘေးအန္တရာယ်မှကင်းဝေးကြမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)