တနင်္သာရီ ဖေဖော်ဝါရီလ ၂၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-7 ကို ချပြရှင်းလင်းပွဲတစ်ရပ်ကို မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက် Version-7နှင့်စပ်လျဉ်း၍ မြို့နယ်ကုသရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာလင်းထိုက်စိုးက အသေးစိတ် အချက်အလက်များအား Power Point ဖြင့် ချပြရှင်းလင်းဆွေးနွေးပေးကြောင်း သိရသည်။
ထိန်ဝင်း(ပြန်ဆက်)