ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဆောင်သစ်အား တည်ဆောက်လျက်ရှိရာ ယနေ့ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစာသင်ဆောင်သည် Steel Structure တစ်ထပ် အမျိုးအစားဖြစ်ပြီး အလျားပေ ၆၀ ၊ အနံပေ ၃၀ အကျယ်ရှိကာ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၁ ဒသမ ၈၆၀ သန်းဖြင့် Diamond Three Colours Co.,Ltd မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း