ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြားမလာစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ပိုးတွေ့သူများ ထားရှိရန် ကွာရတင်းစင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
မိမိတို့မြို့နယ်အတွင်းသို့ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်သည် ရောဂါကူးစက်မှုကို တားဆီးနိုင်ရေး အတွက်ဂိတ်ဖွင့်လှစ်ကာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့်ကြက်ခြေနီ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ဂျူတီချထား၍ ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်း၍ ပုံစံဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေသန်းနှင့် အဖွဲ့ဝင်.၁.ဗိုလ်မှူးမင်းမင်းနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ကြသည်။ အဆိုပါ စစ်ဆေးရေးဂိတ်ကို နောင်ရက်များတွင် ဌာနဆိုင်ရာနှင့် ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဖွင့်လှစ်စစ်ဆေးမှုများ ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်မှုများကို (၂၂.၂.၂၀၂၂) ရက်နေ့နံနက်ပိုင်းမှ စကာကြိုတင်ပြင်ဆင်လျက်ရှိပြီး အိုမီခရွန် ရောဂါပိုး တွေ့ရှိသူများကို ထားရှိရန်အတွက် ပုသိမ်မြို့၊ ရေကြည်ဦးရပ်ရှိ တိုင်းရင်းဆေးရုံ၊ ကိုးသိန်းအကယ်ဒမီ ဘောလုံးအသင်းရှိ ကွပ်ကဲရေးရုံးများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းလဲ သိရသည်။
ခရိုင်(ပြန်/ဆက်)