တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့စာဖတ်ဝိုင်းပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ် စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန် အများပြည်သူ ဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရေး၊ အမှားအမှန် ဝေဖန်ပိုင်ခြား နိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေ ဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ Youth Clubအဖွဲ့တို့၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။