ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက လွိုင်မွေတောင်စခန်းမြို့၊ ကောင်းမှုတော်ဆည်ပတ်လည်ရှိ ချုံနွယ်၊ အမှိုက်များနှင့် လမ်းဘေးဝဲ/ ယာရှိ အမှိုက်များကို စုပေါင်းရှင်းလင်းသန့်ရှင်းရေးဆောင်ရွက်ကာ ချယ်ရီပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါလွိုင်မွေတောင်စခန်းမြို့သည် အမြင့်ပေ ၅၀၀၀ ကျော်တွင်တည်ရှိပြီး ချယ်ရီပန်းများပွင့်သည့် ဆောင်း ရာသီကာလတွင် လာရောက်လည်ပတ်သူများ၊ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)