ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်နှံမှုမရှိ စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaing ပြုလုပ်

ကျောက်တော်  ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါကူးစက် ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ များဖြစ်သော ကမ္ဘာ့ရတနာဘဏ်ရှေ့လမ်းဆုံ၊ မြို့အဝင်အထွက်လမ်းဖြစ်သည့် မဟာကံကြီးရှင် ဘုရားရှေ့နှင့် မြို့နယ်စည်ပင်သာယာရေး မြို့မဈေးကြီးရှေ့၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ရာသို့ ကျောက်တော်မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောက်တော်မြို့နယ်အတွင်းရှိ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပြင် ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်း စည်း (Mask)များ စနစ်တကျတပ် ဆင်သွားလာကြရန်အသိပညာပေးခြင်း၊ ဈေးရောင်းဈေး ဝယ် လာသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ၊ သုံးဘီးဆိုင်ကယ်မောင်း နှင်သူများ၊ ထွေလာဂျီ မောင်နှင် သူများနှင့် ခရီးသွားပြည်သူများကို မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာစေ ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မပါရှိသောပြည်သူများအား နှာခေါင်းစည်း (Mask)ခုရေ (၃၀၀၀)ကျော်ခန့်အား လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း