မော်လိုက်ခရိုင်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀၀၅) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရ

မော်လိုက် ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လိုက်မြို့နယ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ (၅၀၂) ဦး ဖောင်းပြင်မြို့နယ်အနေဖြင့် ကျောင်းသား/သူ(၁၅၀၃)ဦး စုစုပေါင်း (၂၀၀၅) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။

မော်လိုက်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် စာစစ်ဌာန (၃)ခုကို လျာထားတင်ပြထားပြီး ဘာသာတွဲ(၁)တွင် ကျောင်းသား/သူ (၈၇)ဦး၊ ဘာသာ တွဲ(၂)တွင် (၃၆၉)ဦး၊ ဘာသာတွဲ(၇)တွင် (၃၄)ဦးနှင့် ဘာသာတွဲ(၈)တွင် (၁၂)ဦး စုစုပေါင်း ကျောင်းသား/သူ (၅၀၂)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး၊ ဖောင်းပြင်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပပြုလုပ်ရန် စာစစ်ဌာန(၁၁)ခုကို လျာထားတင်ပြထားပြီး ဘာသာတွဲ(၁)တွင် (၂၅၄) ဦး၊ ဘာသာတွဲ(၂)တွင် (၁၁၁၄)ဦးနှင့် ဘာသာတွဲ(၇)တွင် (၁၃၅)ဦး စုစုပေါင်း(၁၅၀၃)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ရာ မော်လိုက်ခရိုင်အနေဖြင့် စာစစ်ဌာနပေါင်း(၁၄)ခု လျာထားတင်ပြထားပြီး၊ ကျောင်းသား/သူ စုစုပေါင်း(၂၀၀၅)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မေလ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်စဉ်တွင် ကျောင်းသား/သူ များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှု ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းများ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပြည်သူများ က စာစစ်ဌာနအလိုက် အပြင်စည်းလုံခြုံရေးများကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး