လယ်ဝေး ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာများ Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာ အလင်းရောင်တို့က မီဒီယာ၏အဓိပ္ပာယ်၊ မီဒီယာသုံးစွဲခြင်း၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများ၊ Social Media ကို လူငယ်များ ဘယ်လိုအသုံးပြုသင့်သလဲ၊ မီဒီယာအကြောင်း သိကောင်းစရာများ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာများ Talk Show အစီ အစဉ်ကိုလည်း We Love Laiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)