ဝေါ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်များ အချိန်မီဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းမော်က အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်များ အချိန်မီဆောင်ရွက်နိုင်ရန် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ တာဝန်ပေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်း၍ အချိန်မီပြီးစီးနိုင်ရေးနှင့် လူဦးရေစာရင်းပုံစံပါ ဇယားများကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့် ကစာရင်းများ ကောက်ယူရာတွင် လူမကျန်ရေး မှတ်ပုံတင်ရှိ/မရှိ၊ပျောက်ဆုံး၊ အိမ်ထောင်စုစာရင်းရှိ/မရှိ၊ ပျောက်ဆုံးတို့ကို တိကျစွာ ကောက်ယူနိုင်ရေးညှိနှိုင်းဆွေးနွေးပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
စိုးမိုး(ပြန်/ဆက်)