ဂွ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin(ပထမအကြိမ်)ကို ယနေ့ နံနက်ပိုင်း က စုရပ်(၃)ခု၌ တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့Covaxin(ပထမအကြိမ်) ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယမန်နေ့က စေတနာ့ ဝန်ထမ်း(၁)ဦး၊ သာသနာ့ဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်း(၁)ဦး၊ စျေးသူ/စျေးသား(၇)ဦး၊ အခြားဝင်ငွေရ(၁၁၅)ဦး၊ အခြား/မိသားစု/မှီခို(၄၅)ဦး၊ စုစုပေါင်း (၁၆၀)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန် ကျန်းမာရေးအခြေ အနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်