မင်းဘူးမြို့၌ ကိုဗစ်-၁၉ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်

မင်းဘူး   ဖေဖော်ဝါရီ   ၂၃

ကိုဗစ်-၁၉ ရောဂါ အပါအဝင် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးကို ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်းကို ယနေနံနက် နာရီအချိန်က မင်းဘူးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက်   နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ၏ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာ၍ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်မီစွာ လာရောက်ထိုးနှံကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)