ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask) အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူး ဖေဖော်ဝါရီ ၂၃


ပဲခူးမြို့ ဘုရားလမ်းနှင့် သီရိဟံသာလမ်းဆုံ၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်(၀၈:၃၀)နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌက စီမံကြီးကြပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာစေရန်၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ ဒဏ်ငွေများပေးဆောင်စေခြင်းများနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ အသိပညာပေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)