ဝါးခယ်မ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ မြို့နယ်လျှပ်စစ်ဦးစီးမှူး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိ သူများက ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ရွှေခယ်ဧရာ အဝေးပြေးယာဉ် ရပ်နားစခန်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြလေ့ကျင့်မှု့များကို မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့်ဝန်ထမ်းများ၊ စျေးဆိုင်ခန်းပိုင်ရှင်များနှင့်ဝန်ထမ်းများ၊ ပြည်သူများက စိတ်ဝင်စားစွာ လိုက်နာမှတ်သား ကြည့်ရှု့ကြကြောင်း သိရသည်။
ရီရီလွင်