ညောငဦးမြို့နယ်၊ မြောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ချောက်မြို့၊ အမှတ်(၇) ရပ်ကွက် အများပြည်သူများမှ ဆန်၊ ဆီ၊ ကြက်ဥနှင့် အိမ်သုံးအဆောင် ပစ္စည်းများ သွားရောက်လှူဒါန်း

ချောက် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့အမှတ်()ရပ်ကွက်ရှိ ရွာဟောင်းရပ်၊ အုပ်ဖိုရပ် အများပြည်သူများမှ မန္တလေးတိုင်းဒေသကြီး၊ ညောငဦးမြို့နယ် မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က မီးလောင်မှုကြောင့် ယင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် အိမ်သုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် နေအိမ်(၆၄)အိမ်ရှိ ပြည်သူများအား ချောက်မြို့ အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရွာဟောင်းရပ်၊ အုပ်ဖိုရပ်အများပြည်သူများမှ စုပေါင်း၍ ဆန်အိတ်ကြီး(၁၄)လုံး၊ ဆန်အိတ်ပိုင်း(၁၀)ပိုင်း၊ ဆီ(၄၅)ပိသာ၊ ကြက်ဥ(၁၀၀)လုံး၊ ဆပ်ပြာမှုန့်အိတ်ကြီး()အိတ်၊အိမ်သုံး ပစ္စည်းမျိုးစုံတို့အား မြောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)