ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား များနှင့် ဝက်များအား ယမန်နေ့မှ စတင်ပြီး ကျွဲ၊ နွား ခွာနာ လျှာနာ ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကင်းရှင်းရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီ ၂၂ မှ စတင်၍ မတ်လ ၃ ရက်နေ့အထိ ကျွဲ၊ နွား ခွာနာလျှာနာ ကာကွယ်ဆေးနှင့်အတူ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)