လယ်ဝေး ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ Community Centre တွင် ယမန်နေ့ ညနေ(၄)နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)တို့က ကလေး အလုပ်သမားဆိုတာ ဘယ်လိုအသက်အရွယ်ကိုဆိုတာလဲ၊ မြန်မာနိုင်ငံနှင့် ကလေးအလုပ်သမားအခြေအနေ၊ ကလေးအလုပ်သမားတွေ ရှိနေရခြင်းအကြောင်းများ၊ ကလေးအလုပ်သမားများ ပပျောက်ဖို့အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ် မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show အစီ အစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)