မိုင်းငေါ့ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို မြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများအား ယနေ့ နံနက် (၁၁)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၂၀)ဦး၊ မ(၂၀)ဦး စုစုပေါင်း(၄၀)ဦးတို့အား မိုင်းငေါ့မြို ဈေးရပ်ကွက် ဘုန်းတော်ကြီး ကျောင်းရှိ အတုလဇေယျာဆောင် ဓမ္မာရုံတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သဲစုဝါ နှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေး မထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)