စဉ့်ကိုင်မြို့နယ်တွင်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) များ ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင်     ဖေဖော်ဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ   ရပ်ကွက် /ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါ   လျော့နည်းကျဆင်းစေရေးအတွက်  ကာကွယ်ဆေးများကို  ပြည်သူများအား  ယနေ့နံနက်ပိုင်းက (Booster Dose)ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒုမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ (ပြည်သူ့ ကျန်းမာ)၊  ပလိပ်တိုက်နယ် ဆေးရုံတွင်    ဒေါက်တာသက်ကိုကိုလွင်  (ရောဂါ နှိမ်နှင်းရေး)၊  ကျောက်ဆည်တက္ကသိုလ်တွင်  ဦးစောအေး  (ကျန်းမာရေးမှူး) တို့ကဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊    ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၀င်များ၊ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍  ကာကွယ်ဆေး  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း   ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေး ကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြုကာကွယ်ရန် နှင့်ကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်    တားဆီးနိုင်စေရန်နှင့်   ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက်   သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊  ရပ်ကွက် / ကျေးရွာ   အုပ်ချုပ် ရေးမှူးများ၊  ပရဟိတအဖွဲ့ ၀င်များနှင့်ပူးပေါင်းပြီး    ပြည်သူများသိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ  ၊Hand Spaker များဖြင့်     လှည့်လည်ပြီး   အသိပညာ ပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထား သော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု   ရှိ/မရှိ   စစ်ဆေးခြင်းအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ(၂၃) ရက်နေ့ထိFirst Dose(၆၅၆၃၄) ဦးနှင့် Second Dose   (၅၆၁၉၉)ဦး နှင့် Third Dose (Booster Dose) (၉၃၇)တို့အား   ထိုးနှံပေးပြီးဖြစ်ရာ   ကျန်ရှိသူများကိုလည်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း