ထန်းတပင်မြို့နယ်၌ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ထန်းတပင်(ပဲခူး)  ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နေ့ နံနက် ၈နာရီ က လူစည်ကားရာ စစ်တောင်းတံတားထိပ်၌  ပြုလုပ်ခဲ့ကြသည်။

ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ပူးပေါင်း၍ မြန်မာနိုင်ငံ တွင် အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်သူများရှိနေပြီးဖြစ်၍  ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်  သွားလာ ကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်က ပြန်လာတိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြား၍   နှာခေါင်းစည်း Mask အခု (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)