မိုင်းခတ် ဖေဖော်ဝါရီ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့က မိုင်းညှင်းကျေးရွာအုပ်စုနှင့် ဟုတ်ပုံကျေးရွာအုပ်စုရှိဒေသခံ ပြည်သူများထံ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ် မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းကျေးရွာအုပ်စု၊ အင်ဟိုညှင်းရွာ၊ဝမ်နိုင်းရွာ၊ ဝမ်လုံရွာ၊ ဟုတ်ပုံ ကျေးရွာအုပ်စု၊ဝမ်ကောင်းရွာများရှိ အသက် ၁၀ နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သူ ၉ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၇၃ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ဆောင်ရွက်သူ ၈၂ ဦး၊နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ပျက် မိတ္တူဆောင်ရွက်သူ ၄၀ ဦးအား အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။