ရွှေကျင် ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေကျင်မြို့နယ်အတွင်း အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့တွင်းနေရာစုံရှိ လမ်းဆုံလမ်းခွ နေရာတို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့သွားလာနေသူများအား နှာခေါင်းစည်း (၂)ခုအား ငေွ(၁၀၀၀)ကျပ်ဖြင့် ဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)