မိုးနဲ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအား စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့် အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ မြေယာပိုင်ဆိုင်မှုအား နှစ်ရှည်မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မြေပြင် တည်ရှိမှု အခြေအနေ ၊မြေရာဇဝင်မှတ်တမ်းများ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားများကို တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ကိုက်ညီမှုရှိသော မြေယာများအားမြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးညွန်ရွှေ (မိုးနဲ)