မန္တလေး ဖေဖော်ဝါရီ ၂၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ(၁) နာရီတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် ကျန်မာ ရေးဦးစီး အရာရှိ ဒေါ်နော်မြတ်နိုးဦးက ရာသီတုတ်ကွေးရောဂါနှင ကိုဗစ်ကူးစက်ရောဂါတို့၏ သွင်ပြင် လက္ခဏာများ၊ ကူးစက်ရောဂါများ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက နေထိုင်စားသောက်မှုပုံစံများ၊ အိုမီခရွန်ကူးစက်ရောဂါအား ကူးစက်ခံရပါက စနစ်တကျ ဆေးစစ်၍ အခြားသူများအား ဆက်လက် ကူးစက် မှုမဖြစ်အောင် ဂရုပြုနေထိုင်ရမည့် အချက်များ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်ရမည့် နည်းလမ်းများ၊ ရောဂါ ဖြစ်ပွားမှုလျော့ချရေး အတွက် ကာကွယ်ဆေးထိုးရန် စသည့်အချက်များ ကိုဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)