ခရမ်းမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား (COVIDSHIELD) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်နှင့်ဒုတိယအကြိမ်များ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ခရမ်းမြို့ အမှတ် (၂)ရပ်ကွက်ရှိ သကျမာရိဇိန် သွန်းဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်၌ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၂၅ ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူသံဗုဒ္ဓေဘုရားရှင်များပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းစည်းဝေးကို ယနေ့ နံနက် (၀၉:၃၀) နာရီက ရတနာစည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့ အမှတ် (၄)ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာ ရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ တနိုင်းမြို့နယ်၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းနဲ့အညီ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာ များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်၊ ဆမအသုတ် ဒုတိယအကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သိက္ခာထပ်၊ ရဟန်းခံ အလှူတော်မင်္ဂလာနှင့် မြောက်ဘက်စောင်းတန်း ဖွင့်ပွဲနှင့် ရေစက်သွန်းချပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးတွင် သိက္ခာထပ်၊ ရဟန်းခံ အလှူတော်မင်္ဂလာနှင့် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ မြောက်ဘက်စောင်းတန်းဖွင့်ပွဲ၊ ရေစက်သွန်းချပွဲကို ယနေ့နံနက်၇နာရီက အဆိုပါမြောက်ဘက် စောင်းတန်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့်ပြည်သူများအား ယနေ့နံနက် ၈နာရီက ကျောင်းတွင်း ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်း ထိုးနှံပေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် Mask Campaignပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈နာရီက ကွမ်းခြံကုန်းမြို့နယ်မြို့မစျေးတွင်ပြုလုပ်ခဲ့ကြသည်။
Subscribe to