မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

မိုင်းလုံ  ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်  အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Camping) ကို  မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက ဦးဆောင်၍  တိုက်နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ Mask နှာခေါင်းစည်း (၅၀၀) ခုကို မိုင်းလုံမြို့အတွင်းရှိ  လမ်းဆုံများ၊ ဈေးဆိုင်များနှင့် လမ်းသွား၊ လမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ရေး၊  သွားလာခဲ့ပါက  ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။ 

မိုင်းလုံမြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်မှုမရှိစေရန်အတွက်          ကာကွယ်၊ ထိန်ချုပ်ရေးလုပ်ငန်းတွင် အဓိကဖြစ်သော အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှ ထွက်ရန်နှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ယခုလို ဆောင်ရွက် ရခြင်းဖြစ်ကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)