သာကေတ ဖေဖော်ဝါရီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိူးထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ၌ သာကေတမြို့နယ် ၄/မြောက်ရပ်ကွက် အတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို ၄/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး သာကေတမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုလ-ဝ-က မှူးဒေါ်နန်းကေခိုင်အောင်မှ ပြည်သူများကို နိုင်ငံသားအခွင့်အရေးနှင့် လူမှုဘဝပြည့်စုံရေးအတွက် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက်ပေးအပ်ခဲ့ရာ သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်မှ နိုင်ငံသားစိစစ်ရေးကတ် (၆၃)ကတ်ကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)