မအီ ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာနအတွင်း၌ ၂၀၂၂-ခုနှစ်၊ မတ်လ ၃၁ နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၁၇၄)ဦးနှင့် ပြင်ပဖြေ ဆိုရန်(၁၄၉)ဦးရှိပြီး မအီမြို့၊ အထကစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုရန် အတွင်း/အပြင် စုစုပေါင်း(၃၂၃)ဦးရှိ ကြောင်း သိရသည်။
ဖော်ပြပါ မအီမြို့၊ အထက်တန်းကျောင်းစာစစ်ဌာနသို့ မြို့နယ်အတွင်းမှ လက်ပံကျေးရွာ အထက်တန်းကျောင်းခွဲ၊ ဂျီဖြူတောင် ကျေးရွာ အထက်တန်းကျောင်းခွဲနှင့် ဝေကျေးရွာ အထက် တန်းကျောင်းခွဲများမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး လက်ပံအထက (ခွဲ)မှ ကျောင်းအတွင်းမှ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၁၃)ဦး၊ ဂျီဖြူတောင် အထက(ခွဲ)မှ ကျောင်းအတွင်းဖြေ (၃၁)ဦးနှင့် မအီမြို့ အထကမှ အတွင်းဖြေကျောင်းသား/ကျောင်းသူ(၁၂၆)ဦးရှိပြီး မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာနတွင် အတွင်းဖြေ/ အပြင်ဖြေ စုစုပေါင်း(၃၂၃)ဦးသည် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထား ကြောင်း တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)