မင်းဘူး(စကု)မြို့နယ်၌ ဗီဇမျိုးကွဲသစ်ရောဂါ အိုမီခရွန် ထိရောက်စွာကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

မင်းဘူး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဗီဇမျိုးကွဲသစ်ရောဂါ အိုမီခရွန် ထိရောက်စွာကာကွယ်နိုင်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါနှိုးဆော်မှုတွင်  မလိုအပ်ဘဲနေအိမ်ပြင်ပသို့မထွက်ရန်၊ နေအိမ်မှအပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်း Mask များတပ်ဆင် ကြရန်၊ တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေအကွာတွင် နေထိုင်ရန်နှင့် ကျန်မာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်စားသောက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြသည်။

ဇေယျာထက်(မင်းဘူး)