ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် Mask များ (အခမဲ့) ဖြန့်ဝေ

ပုဏ္ဏာကျွန်း ဖေဖေါ်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုအား ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် ပြည်သူများ သိရှိလိုက်ကြစေရန်အတွက် နေအိမ်အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထများရှိစေရန် ရည်ရွယ်ပြီး၊ ယနေ့နံနက် (၈) နာရီက ပုဏ္ဏားကျွန်းမြို့ မဟာပညာကျော်လမ်း၊ မြို့မဈေးနှင့် လူစည်ကား သည့် လမ်းဆုံ၊ လမ်းခွ နေရာများတွင် Mask များ (အခမဲ့) ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူ များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေ ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ကြပါရန် အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)