ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၄)မိုင်ဈေးရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မောင်တော ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးလက် ထောက်တာဝန်ခံ ဦးထွန်းထွန်းဇော်နှင့်  ဈေးကော်မတီ အဖွဲ့တို့မှ  (၄)မိုင်ဈေးရှိ ဈေးရောင်းချသူများ အနေဖြင့် မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိှမ်းသတ် ဆေးဘူးဖြင့်  စနစ်တကျ မီးငြိမ်းသတ်မှုများ၊ မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိှမ်း သတ်တတ်စေရန် ဈေးသူ၊ ဈေးသားများအား  ရှင်းလင်းပြောကြားပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများများ အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်အသင့် ဆောင်ရွက် ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန်၊  ဈေးအတွင်း လှည့်လည်ကြည့်ရူ စစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)