ပြင်စလူ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများ ထပ်မံဖြစ်ပွားနိုင် ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပါ၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များ ကို ဖွင့်ထားပါ၊ လက်ကိုမကြာ ခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြ ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ကြရန်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အတူနေမိသားစုနှင့် အခြားသူများ ကို ကာကွယ်နိုင်ခြင်း ၊အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်းပိုးများ ကူးစက်မှုမှ ကာကွယ်နိုင် ခြင်း၊ ရောဂါကူးစက်မှု အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့် အညီ တိကျစွာ လိုက်နာ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိ ပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် (၈)နာရီအချိန်က ပြင်စလူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း Sound Box စက်ဖြင့် နှိုးဆော် အသိပညာပေးလျက်ရှိသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)