ညောင်ဦးခရိုင်မှ ကျောင်းသားကျောင်းသူ (၁၈၃၇)ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုမည်

ညောင်ဦး  ဖေဖော်ဝါရီ  ၂၅

လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကျောင်းသား ကျောင်းသူ ၁၈၃၇ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင်ထံက သိရသည်။

လက်ရှိမှာကျောင်းတက်သူ ကျောင်းသား/သူ ၁၀၆၂ဦးနှင့် ပြင်ပကဖြေဆိုမည့်သူ ၇၇၅ဦး၊ စုစုပေါင်း ၁၈၃၇ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ဖို့ လျောက်လွှာ(ဖောင်) တင်ထားကြောင်း သိရသည်။၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ဖို့ ညောင်ဦးမြို့နယ်တွင်  အတွင်းဖြေ ကျောင်းသား/သူ ၃၂၅ဦး၊ အပြင်ဖြေကျောင်းသူ /သား ၃၈၀ဦး ၊စုစုပေါင်း ၇၀၅ဦးရှိပြီး ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အတွင်းဖြေ ကျောင်းသား/သူ ၇၃၇ဦး၊ ပြင်ပဖြေ ၃၉၅ဦး ၊စုစုပေါင်းကျောင်းသားကျောင်းသူ ၁၁၃၂ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်ထံက သိရသည်။

ကိုထိန်၊KPD