ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ အမှတ်(၁၊၂၊၃)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တား ဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို စနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊ မျက်စိ၊နှာ ခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုး ရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ် တောက်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြပါရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)