ပလောက် ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ နယ်မြေရဲစခန်းအရှေ့၊ ထားဝယ်-မြိတ် ကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် လက်မှတ်မရှိသူ များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်းနှင့် လက်မှတ်မရှိသူ များကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်