ပုလော ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ပုလောမြို့နယ် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင် သွားလာ ရေး Mask Campaign ပြုလုပ်ခြင်း ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈နာရီ က ပုလောမြို့နယ်ခန်းမရှေ့ မြိတ်-ထားဝယ်ပြည်ထောင်စု ကားလမ်း မကြီး၌ ပြုလုပ်ခဲ့ကြသည်။
ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြန်မာ့နိုင်ငံရဲတပ်ဖွဲ့၊ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်သူများရှိနေပြီးဖြစ်၍ ပြည်သူ များအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန် ၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင် သွားလာ ကြရန်၊ အပြင်က ပြန်လာတိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန် ၊ ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြား၍ နှာခေါင်းစည်း Mask အခု (၅၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)