ဘုတ်ပြင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင် Womew Club အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က Womew Club အဖွဲ့မှ စာဖတ်စွမ်းရည် အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ  အတွဲ(၁၉)အမှတ်()မှ ဒေါက်တာမြင့်သန်းထွန်း ရေးသားသော စိတ်ကြောင့်ဖြစ်သောရောဂါများကို ကြိုတင်ကာကွယ်ပါ ၊ ပေါက်ပေါက် ရေးသားသည့်  ဆောင်းသီးနှံ ပဲမျိုးစုံနှင့်ကျန်းမာရေး ၊ ဇင်နိုင်ခန့် ရေးသာသည့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး စသည့် ဆောင်းပါးဖြင့်  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  Womew Club ဥက္ကဋ္ဌ ဒေါ်အေးပိုက မိမိတို့အနေဖြင့် ပဲအမျိုးမျိုးကို ချက်ပြုတ်စားသောက်ရသော်လည်း ဆောင်းရာသီ သီးနှံဖြစ်သည့် ကုလားပဲ၊ပဲစင်းငုံ၊ပဲပုပ်၊စားတော်ပဲ ၊မတ်ပဲနှင့်ပဲတီစိမ်း စသည့်ပဲစားသုံးလျက်ရှိသောလည်း ပဲတစ်မျိုးစီ၏ ကျန်းမာရေး အကျိုးကျေးဇူး ရရှိနိုင်သည့် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်းပါးပါ အကြောင်းအရာများကိုလည်ကောင်း၊ ဒေါ်မေမေကျော်က  ကိုယ်လက်လှုပ်ရှားခြင်းသည် လူအများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သော (မကူးစက်နိုင်သောရောဂါ)များကို ကင်းဝေစေနိုင်သာမက စရိတ်သက်သာ ဆေးတစ်ပါးဖြစ်သည့် လမ်းလျှောက်ခြင်းဖြင့်ရရှိမည့် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ပါးပါ အကြောင်းအရာမျးကို လည်းကောင်း၊ ဒေါ်ခင်ဇာနည်က လူတစ်ဦးတွင် ကာယသုခ (ကိုယ်၏ကျန်းမာခြင်း) စိတ္တသုခ (စိတ်ကျန်းမာခြင်း)နှင့်လည်း ပြည့်စုံရန်လိုအပ်သည့်အတွက် လူတစ်ဦးကျန်းမာပြီး သန်စွမ်းစေရန် အတွက် စိတ်ကြည်လင်လန်းဆန်း ပျော်ရွှင်မှုရှိရမည် စိတ်ပူပင်သောကများရှိပါက ကျန်းမာရေး ထိခိုင် စေနိုင်သည့်အတွက် စိတ်ကြောင့်ဖြစ်သော ရောဂါများနှင့်ပတ်သက်သည့် ဆောင်းပါးပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး  Womew Club အဖွဲ့ဝင်များက စာပေဖတ်ရှုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာများအပြင် အသိပညာဗဟုသုတများနှင့် မိမိတို့၏အတွေး အမြင်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                 

မြို့နယ်( ပြန်/ဆက်)