ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်

ဒဂုံတောင် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကျန်းမာရေး စောင့်ရှောက်မှုများအား ကြိုတင်ပြုစု စောင့်ရှောက်ပေးနိုင်ရန်အတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) အခြေခံပညာအ ထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချလျက် ရှိကြောင်း သိသည်။

အဆိုပါ သင်တန်းတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ သဘောတရားများ ကိုဗစ်-၁၉ ရောဂါ လူနာများအား ရှေးဦးပြုစုခြင်း၊ ဒဏ်ရာရရှိသူများကို ပြုစုခြင်း၊ လူနာသယ်ဆောင် နည်းစနစ်များ၊ ကြက်ခြေနီဆိုသည်မှာ စသည့် ဘာသာရပ်များကို မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင် နည်းပြများမှ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော် ဝါရီ ၂၅ ရက်နေ့မှမှ ၂၆ရက်နေ့ထိ နေ့စဉ် နံနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲအထိ သင်ကြားပေးလျက် ရှိသည်။

 သင်တန်းသို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ(၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သိရှိရသည်။

သန်းသန်းအေး