လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

လသာ ဖေ​ဖော်ဝါရီ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မန်​နေ့​ နံနက် နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်း လမ်းမ​ပေါ်ရှိ     အထက(၂) လသာကျောင်းင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး​ဒေါက်တာမျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာ​ရောက်သူများအား ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

ယနေ့တွင် အသက်(၁၈)နှစ်နှင့် အထက် ပထမအကြိမ် ထိုးနှံသူ ကျား(၃၅)ဦး၊ (၃၁)ဦး၊ စုစုပေါင်း(၆၆)ဦးတို့ကို ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မို့မို့သူ (ပြန်/ဆက်)